Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 1:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို ယေ​ဇ​ရေ​လ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ဏ​ကြာ​ပြီး​မှ ယေ​ဇ​ရေ​လ​အ​သက်​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ ယေ​ဟု​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး၍ ဣ​သ​ရေ​လ​အ​မျိုး၏ နိုင်​ငံ​ကို ဆုံး​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်၏​သား​ခု​နစ်​ကျိပ်​တို့​သည် ရှ​မာ​ရိ​မြို့၌ ရှိ​သည်​ဖြစ်၍၊ ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​အုပ်​များ၊ အ​သက်​ကြီး​သူ​များ၊ အာ​ဟပ်​သား​တို့​ကို​လုပ်​ကျွေး​သော သူ​များ​ရှိ​ရာ၊ ရှ​မာ​ရိ​မြို့​သို့ စာ​ရေး၍ ပေး​လိုက်​လေ၏။

ရှ​မာ​ရိ​မြို့​သို့​ရောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ အာ​ဟပ်​အ​မျိုး အ​ကုန်​အ​စင် ပျက်​စီး​သည်​တိုင်​အောင် ထို​မြို့၌ ကျန်​ကြွင်း​လေ​သ​မျှ​တို့​ကို သတ်​လေ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ရှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား​ဇာ​ခ​ရိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

ထို​နောက်​မှ ငါ​သည် ပ​ရော​ဖက်​က​တော်​ကို ချဉ်း​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​မည်​ဖြင့် မှည့်​လော့။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

နက်​ဖြန်​နေ့၌ ပါ​ရှု​ရ​သည် ယေ​ရ​မိ​ကို ထိတ်​မှ​လွှတ်​သော​အ​ခါ၊ ယေ​ရ​မိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ပါ​ရှု​ရ​ဟူ၍ မှည့်​တော်​မ​မူ။ မာ​ဂေါ​မိဿ​ဘိတ်​ဟူ၍ မှည့်​တော်​မူ၏။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဖောက်​ပြန်​သော ဣ​သ​ရေ​လ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍၊ မှား​ယွင်း​သော​အ​ပြစ်​များ​ကြောင့်၊ သူ​နှင့်​ငါ​ကွာ၍ ဖြတ်​စာ​ကို အပ်​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ ယု​ဒ​သည်​လည်း၊ မ​ကြောက်​ဘဲ​သွား၍၊ ပြည့်​တန်​ဆာ​လုပ်​ကြောင်း​ကို ငါ​မြင်​ရ၏။

သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။

သင်​သည် အစ်​မ​လိုက်​သော​လမ်း​ကို လိုက်​သော​ကြောင့်၊ သူ​သောက်​သော​ခွက်​ကို သင့်​လက်၌ ငါ​ထား​မည်။

တစ်​ဖန် ပ​ဋိ​သ​န္ဓေ​ယူ၍ သ​မီး​ကို​ဖွား​မြင်​လေ၏။ ထို​သ​မီး​ကို လော​ရု​ဟာ​မာ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နောက်​တစ်​ဖန် မ​သ​နား​မ​စုံ​မက်​ဘဲ ဧ​ကန်​အ​မှန်​ပယ်​ရှင်း​မည်။

ထို​သား​ကို လော​အ​မ္မိ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​မ​ဟုတ်။

ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြေ​ကြီး​သည်​လည်း ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့၏​စ​ကား​ကို နား​ထောင်၍၊ သူ​တို့​သည်​လည်း ယေ​ဇ​ရေ​လ​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။

ငါ့​ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် စွန့်​ပစ်​တော်​မူ၍၊ သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​သို့ လှည့်​လည်​ရ​ကြ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။

သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။-

အ​ဘ​သည်​လည်း သင်​ပုန်း​ကို​တောင်း၍၊ သူ၏​အ​မည်​ကား ယော​ဟန်​ဖြစ်၏​ဟု ရေး​လေ​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-

သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။

သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ