ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဖွားမြင်လေ၏။
ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။