Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သြ​ဗ​ဒိ 1:7

Judson Bible

သင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော သူ​အ​ပေါင်း​တို့​သည် ပြည်​စွန်း​သို့ နှင်​ကြ​ပြီ။ အ​ဆွေ​လုပ်​သော သူ​တို့​သည် သင့်​ကို​လှည့်​စား၍ နိုင်​ကြ​ပြီ။ သင်​နှင့်​အ​တူ စား​သောက်​သော​သူ​တို့​သည် သင့်​အောက်၌ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပြီ။ သင်၏​ဉာဏ်​ပ​ညာ​ကုန်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အ​ပြစ်​ကို အ​ကျွန်ုပ်​ဆပ်​ပေး​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို သ​နား၍ ထ​မြောက်​စေ​တော်​မူ​ပါ။

အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​ရှိ၏။ သူ​တစ်​ပါး​တို့​က သ​တင်း​ကို ကြား​ပြော​ကြ​လော့။ ငါ​တို့​သည် တစ်​ဆင့် ကြား​ပြော​လိမ့်​မည်​ဟု ဆို​ကြ၏။ ငါ၏​အ​နား​မှာ အ​စဉ်​နေ​သော ငါ၏​မိတ်​ဆွေ​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် သူ့​ကို​နိုင်၍ အ​ငြိုး​ထား​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ သူ့​ကို သွေး​ဆောင်​ကောင်း သွေး​ဆောင်​လိမ့်​မည်​ဟု ဆို​ကြ၏။

သင်၏​မိတ်​ဆွေ​ရှိ​သ​မျှ​တို့​သည် သင့်​ကို မေ့​လျော့၍ မ​မေး​မ​ရှာ​ဘဲ နေ​ကြ၏။ သင့်​အ​ပြစ်​သည်​ကြီး၍၊ သင်​ပြု​သော ဒု​စ​ရိုက်​သည် များ​ပြား​သော​ကြောင့်၊ ရန်​သူ​ပေး​တတ်​သော​အ​နာ​နှင့် သင့်​ကို ငါ​နာ​စေ​ပြီ။ ကြမ်း​တမ်း​သော​သူ ပေး​တတ်​သော​ဒဏ်​ကို ငါ​ပေး​ပြီ။

နန်း​တော်၌ ကျန်​ကြွင်း​သ​မျှ​သော မိန်း​မ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ထို​မိန်း​မ​တို့​က​လည်း၊ ကိုယ်​တော်၏ အ​ဆွေ​ခင်​ပွန်း​တို့​သည် သွေး​ဆောင်၍​နိုင်​ကြ​ပြီ။ ခြေ​တော်​သည် ရွှံ့၌​ကျွံ၍၊ သူ​တို့​သည် ဆုတ်​သွား​ကြ​ပြီ​ဟု ကိုယ်​တော်​အား ဆို​ကြ​လိမ့်​မည်။

သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​အ​ခါ အ​ဘယ်​သို့ ပြု​လိမ့်​မည်​နည်း။ နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​သော်​လည်း​ကောင်း၊ ရွှေ​တန်​ဆာ​ကို ဆင်​သော်​လည်း​ကောင်း၊ သင်၏​မျက်​နှာ​စုတ်​ပဲ့​သည်​တိုင်​အောင် ဆေး​သုတ်​သော်​လည်း​ကောင်း၊ သင်၏​တင့်​တယ်​ခြင်း​ကို အ​ချည်း​နှီး​ပြ၏။ သင်၏​ရည်း​စား​တို့​သည် သင့်​ကို​စွန့်၍၊ သင်၏​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ တေ​မန်​ပြည်၌ ပ​ညာ​ကုန်​သ​လော။ ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​သည် အ​ကြံ​မ​ပေး​နိုင်​သ​လော။ သူ​တို့​ဉာဏ်​သည် ဆုံး​သ​လော။

ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။

သူ​သည် သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို ခံ​ရ​ချိန်​နီး​ပြီ။ မိုက်​သော​အ​မျိုး​သား​ဖြစ်၏။ သား​ဖွား​ရာ​ဝမ်း​ဝ၌ ကြာ​မြင့်​စွာ နေ​ပါ​သည်​တ​ကား။

ဧ​ဖ​ရိမ်​သည် ဉာဏ်​မ​ရှိ၊ မိုက်​သော ချိုး​နှင့်​တူ၏။ အဲ​ဂု​တ္တု​ပြည်​ကို ဟစ်​ခေါ်​တတ်၏။ အာ​ရှု​ရိ​ပြည်​သို့ ပြေး​တတ်၏။

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ