Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သြ​ဗ​ဒိ 1:5

Judson Bible

ည​အ​ခါ သူ​ခိုး​ဓား​ပြ​တို့​သည် သင်​ရှိ​ရာ​သို့ လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ ခိုး​ယူ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ စ​ပျစ်​သီး​ကို ဆွတ်​သော​သူ​တို့​သည် လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို​ဣ​သ​ရေ​လ ဂုဏ်​အ​သ​ရေ၊ သင်၏​မြင့်​သော​အ​ရပ်​တို့၌ သင်​သည် အ​သေ​ခံ​လေ​ပြီ။ သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ​တ​ကား။

အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။

သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

စ​ပျစ်​သီး​ကို​ဆွတ်​သော သူ​တို့​သည် သင်​ရှိ​ရာ​သို့​လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကျန်​ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ည​အ​ခါ သူ​ခိုး​လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ လု​ယူ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

မြေ​တစ်​ပြင်​လုံး​ကို ရိုက်​နှက်​သော သံ​တူ​သည် ကျိုး​ပြတ်​လေ​ပြီ​တ​ကား၊ ဗာ​ဗု​လုန်​မြို့​သည် လူ​မျိုး​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

အို တေ​မန်​မြို့၊ ဧ​သော၏​တောင်​မှ ခပ်​သိမ်း​သော သူ​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ သင်၏​သူ​ရဲ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။

ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ နွေ​ကာ​လ၌ ဆွတ်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့​လည်း​ကောင်း၊ လိုက်၍ ကောက်​သော စ​ပျစ်​သီး အ​ကျန်​အ​ကြွင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။ စား​စ​ရာ​ဖို့ စ​ပျစ်​သီး​ပြွတ် မ​ရှိ။ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကို ငါ​တောင့်​တ​ရ၏။

ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။

သင်၏​စ​ပျစ်​ဥ​ယျာဉ်၌ စ​ပျစ်​သီး​ကို ဆွတ်​ယူ​သော​အ​ခါ ပြန်၍ ကောက်​သိမ်း​ခြင်း​ကို မ​ပြု​ရ။ ကျန်​ကြွင်း​သော​အ​သီး​သည် တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ဖြစ်​ရ​မည်။

သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ