Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သြ​ဗ​ဒိ 1:3

Judson Bible

ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ဧ​ဒုံ​အ​မည်​ရှိ​သော​ဧ​သော​သည် စိ​ရ​တောင်​ပေါ်​မှာ​နေ​လေ​၏။

အာ​မ​ဇိ​မင်း​သည် ဧ​ဒုံ​အ​မျိုး​သား​တစ်​သောင်း​ကို ဆား​ချိုင့်၌​သတ်၍ သေ​လ​မြို့​ကို​တိုက်​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် ယုဿေ​လ​ဟူ၍ သ​မုတ်​လေ၏။

အာ​မ​ဇိ​သည်​လည်း ကိုယ်​ကို​ခိုင်​ခံ့​စေ၍ ဆား​ချိုင့်​ကို တပ်​ချီ​သ​ဖြင့်၊ စိ​ရ​တောင်​သား​တစ်​သောင်း​ကို လုပ်​ကြံ​လေ၏။

ယု​ဒ​အ​မျိုး​သား​တို့​သည် လူ​တစ်​သောင်း​ကို အ​ရှင်​ဖမ်း​ပြီး​လျှင်၊ ကျောက်​တောင်​ထိပ်​သို့ ဆောင်​သွား၍၊ ကျိုး​ပဲ့​စေ​ခြင်း​ငှာ အောက်​သို့ တွန်း​ချ​ကြ၏။

သူ၏​ဘုန်း​သည် မိုး​ပေါ်​သို့​တက်၍၊ သူ၏​ခေါင်း​သည် မိုး​တိမ်​တိုင်​အောင် မီ​သော်​လည်း၊

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်​ဟု ဆို၍ ကိုယ်​ကို​ကိုယ် မ​လှည့်​စား​ကြ​နှင့်။ သူ​တို့​သည်​ထွက်၍ မ​သွား​ရ​ကြ။

မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။

ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ငါ့​ထံ​သို့ အ​ဘယ်​ရန်​သူ ရောက်​လိမ့်​မည်​နည်း​ဟု အောက်​မေ့​လျက်၊ မိ​မိ​စည်း​စိမ်၌​ကိုး​စား​လျက် ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် ချိုင့်​တို့၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ သင်၏​ချိုင့်​သည် အ​သွေး​စီး​ရာ​ဖြစ်​လိမ့်​မည်။

သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။

ဧ​ဒုံ​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ပျက်​စီး​သော်​လည်း၊ ပျက်​စီး​သော​အ​ရပ်​တို့​ကို တစ်​ဖန် တည်​ဆောက်​ဦး​မည်​ဟု ဆို​ရာ​တွင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည်​တည်​ဆောက်​သော်​လည်း ငါ​ဖြို​ဖျက်​မည်။ သူ​တို့​ကို ဒု​စ​ရိုက်​ပြည်​သား၊ ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အ​မျက်​ထွက်​တော်​မူ​သော လူ​မျိုး​ဟူ၍ သ​မုတ်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ