သင့်ကို တစ်ပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်းငှာ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချခြင်းရှိလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏မာနကို အရှက်ခွဲခြင်းငှာလည်းကောင်း၊ မြေကြီးမှူးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှာလည်းကောင်း ထိုသို့ ကြံစည်တော်မူ၏။
တစ်ပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာမည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန် အစိုးမရစေခြင်းငှာ ငါရှုတ်ချမည်။
သင်၏ ဘုရားသခင် ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟုမေးသော ငါ့ရန်သူသည် ထိုအမှုကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်းမှာ ရွှံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရလိမ့်မည်။
ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလအမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။