Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သြ​ဗ​ဒိ 1:14

Judson Bible

လွတ်​သော​သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ဖြတ်​လမ်း၌ မ​ရပ်​မ​နေ​သင့်။ အ​မှု​ရောက်​သော​နေ့၌ ကျန်​ကြွင်း​သော သူ​တို့​ကို မ​အပ်​သင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။

အ​ကျွန်ုပ်​ကို​ရန်​သူ​လက်​သို့​မ​အပ်​ဘဲ ကျယ်​ဝန်း​သော​အ​ရပ်၌ နေ​ရာ​ချ​တော်​မူ၏။

အ​ကြံ​ပေး​လော့။ တ​ရား​သ​ဖြင့် စီ​ရင်​လော့။ မွန်း​တည့်​အ​လင်း​ထဲ၌ ည​ကဲ့​သို့ သင်၏​အ​ရိပ်​ကို ဖြစ်​စေ​လော့။ နှင်​ထုတ်​သော​သူ​တို့​ကို ဝှက်​ထား​လော့။ ပြေး​သော​သူ​တို့​ကို မ​ပြ​နှင့်။

မော​ဘ​ပြည်​မှ​နှင်​ထုတ်​သော သူ​တို့​သည် သင်​နှင့်​အ​တူ နေ​ကြ​စေ​လော့။ ဖျက်​ဆီး​သော​သူ၏ လက်​မှ​လွတ်​စေ​ခြင်း​ငှာ သူ​တို့​ကို​စောင့်​မ​လော့။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​မ​ရှိ။ ဖျက်​ဆီး​သော​သူ ပြတ်​လေ၏။ နှိပ်​နင်း​သော​သူ​တို့​ကို မြေ​ပေါ်​က​ပယ်​ရှင်း​လေ​ပြီ။

ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့​ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို ဖွား​နိုင်​အောင်​ခွန်​အား​မ​ရှိ။

အ​လို​လေး၊ ထို​နေ့​ရက်​ကား ခိုင်း​နှိုင်း​စ​ရာ​မ​ရှိ။ ကြီး​သော​နေ့​ရက်​ဖြစ်၏။ ယာ​ကုပ်​အ​မျိုး၌ အ​မှု​ရောက်​သော နေ့​ရက်​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

သင်၏​ညီ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​နေ့၌ သူ၏​အ​မှု​ကို သင်​မ​ကြည့်​သင့်။ ယု​ဒ​အ​မျိုး​သား​တို့​သည် ပျက်​စီး​သော​နေ့၌ မ​ဝါ​ကြွား​သင့်။ ဒု​က္ခ​ခံ​ရ​သော​နေ့၌ စော်​ကား​သော​စ​ကား​ကို မ​ပြော​သင့်။

လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ