Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 9:45

Judson Bible

အ​ဘိ​မ​လက်​သည် တစ်​နေ့​လုံး​မြို့​ကို တိုက်၍​ရ​သော​အ​ခါ၊ မြို့၌​တွေ့​သော​သူ​တို့​ကို သတ်​ပြီး​လျှင် မြို့​ရိုး​ကို​ဖြို​ဖျက်၍ မြို့​ရာ​ကို ဆား​နှင့် ကြဲ​ဖြန့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ယေ​ရော​ဗောင်​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို​တည်၍ နေ​ရာ​ချ၏။ ထို​မြို့​မှ​သွား၍ ပေ​နွေ​လ​မြို့​ကို​လည်း တည်၏။

မြို့​တို့​ကို​ဖြို​ဖျက်​ကြ၏။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​ပစ်​ချ၍ ဖုံး​လွှမ်း​ကြ၏။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို​လည်း မြေ​ဖို့၍၊ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ၏။ ကိ​ရ​ဟ​ရက်​မြို့၌​သာ မြို့​ရိုး​ကို​ချန်​ထား​ရာ​တွင်၊ လောက်​လွှဲ​သ​မား​တို့​သည် ဝိုင်း၍​ပစ်​ကြ၏။

မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။

ရွှံ့​ဗွက်​ရည်​နှင့် ရွှံ့​အိုင်​ရေ​မူ​ကား မ​ချို​ရ၊ အ​စဉ်​ငန်​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။

အ​ဘိ​မ​လက်​သည် မိ​မိ​လူ​တစ်​စု​နှင့် မြို့​တံ​ခါး​ဝ​သို့ ပြေး​တက်၍ စောင့်​နေ၏။ အ​ခြား​သော လူ​နှစ်​စု​တို့​သည် တော၌​ရှိ​သော လူ​တို့​ဆီ​သို့​ပြေး၍ သတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ