တစ်ဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊
သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကိုလည်းကောင်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသော သူတို့ကိုလည်းကောင်းတိုက်မည်ဟု ကြံစည်လိမ့်မည်။
သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်အားဖြင့် ဟောပြောသောသူတို့စကားကို နားထောင်တတ်ကြ၏။ သင်မူကား ထိုသို့ပြုရအောင် သင်၏ဘုရားသခင်ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။
ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသောနှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊