ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။
အို ပြည်တော်သား၊ သင်သည် အလှည့်ခံရသောအချိန် ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်း မရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကို ပြုရသောနေ့နီးပြီ။
ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။-
ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှထကြ၏။
တစ်ဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊