Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 9:28

Judson Bible

ဧ​ဗက်၏​သား ဂါ​လ​က​လည်း၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို စောင့်​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​ကား အ​ဘယ်​သူ​နည်း၊ ရှေ​ခင်​ကား အ​ဘယ်​သူ​နည်း။ အ​ဘိ​မ​လက်​သည် ယေ​ရု​ဗ္ဗာ​လ​သား မ​ဟုတ်​လော။ ဇေ​ဗု​လ​သည် သူ၏​အ​မှု​ထမ်း​မ​ဟုတ်​လော။ ရှေ​ခင်​အ​ဘ ဟာ​မော်​လူ​တို့၏​အ​မှု​ကို ထမ်း​ကြ​လော့။ အ​ဘိ​မ​လက်​အ​မှု​ကို အ​ဘယ်​ကြောင့် ထမ်း​ရ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တဲ​ဆောက်​ရာ​မြေ​အ​ကွက်​ကို ရှေ​ခင်၏​အ​ဘ၊ ဟာ​မော်၏​သား​တို့​တွင်၊ ငွေ​တစ်​ပိဿာ​အ​ဖိုး​ပေး၍ ဝယ်​ရ​သ​တည်း။

ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။

ထို​နောက်၊ ရှေ​ခင်​အ​ဘ​ဟာ​မော်​မင်း​သည် ယာ​ကုပ်​နှင့် နှုတ်​ဆက်​ခြင်း​ငှာ​လာ၍၊

ထို​အ​ခါ ဗင်္ယာ​မိန်​အ​မျိုး ဗိ​ခ​ရိ၏​သား​ရှေ​ဘ အ​မည်​ရှိ​သော အ​ဓ​မ္မ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် တံ​ပိုး​မှုတ်၍၊ အို​ဣ​သ​ရေ​လ အ​မျိုး၊ ငါ​တို့​သည် ဒါ​ဝိဒ်၌​တစ်​ဖို့​ကို​မျှ မ​ဆိုင်။ ယေ​ရှဲ၏​သား​ကို အ​မွေ​မ​ခံ​ထိုက်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ သွား​ကြ​ဟု​ဆို​သ​ဖြင့်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​ဘက်​သို့​ဝင်၍ ရှေ​ခင်​မြို့​သား​တို့​သည် သူ့​ကို​ကိုး​စား​ကြ၏။

အ​ဘိ​မ​လက်​သည် အ​ရု​မ​မြို့​မှာ​နေ၍ ဇေ​ဗု​လ​သည် ဂါ​လ​နှင့် သူ၏​ညီ​အစ်​ကို​တို့​ကို ရှေ​ခင်​မြို့၌ မ​နေ​စေ​ခြင်း​ငှာ နှင်​ထုတ်​လေ၏။

နာ​ဗ​လ​က​လည်း၊ ဒါ​ဝိဒ်​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှဲ၏​သား​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​ကာ​လ သ​ခင်​ကို ပုန်​ကန်​သော ကျွန်​များ​ပါ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ