Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 9:26

Judson Bible

ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​ဘက်​သို့​ဝင်၍ ရှေ​ခင်​မြို့​သား​တို့​သည် သူ့​ကို​ကိုး​စား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။

ညီ​အစ်​ကို​တို့၊ အ​ဓ​မ္မ​အ​မှု​ကို ဤ​မျှ​လောက်​မ​ပြု​ကြ​ပါ​နှင့်။

ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်​ကို ချောင်း​မြောင်း​စေ​ခြင်း​ငှာ၊ လူ​တို့​ကို တောင်​ထိပ်​ပေါ်​မှာ​ထား၍ ထို​သူ​တို့​သည် ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့၏ ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ထို​သ​တင်း​ကို​လည်း၊ အ​ဘိ​မ​လက်​သည် ကြား၏။

ဥ​ယျာဉ်၌​လည်​လျက် စ​ပျစ်​သီး​ကို သိမ်း​ယူ​လျက် ပျော်​မွေ့​ခြင်း​ကို​ပြု​သ​ဖြင့်၊ မိ​မိ​တို့ ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ဘိ​မ​လက်​ကို ကျိန်​ဆဲ​ကြ၏။

ဧ​ဗက်၏​သား ဂါ​လ​က​လည်း၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို စောင့်​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​ကား အ​ဘယ်​သူ​နည်း၊ ရှေ​ခင်​ကား အ​ဘယ်​သူ​နည်း။ အ​ဘိ​မ​လက်​သည် ယေ​ရု​ဗ္ဗာ​လ​သား မ​ဟုတ်​လော။ ဇေ​ဗု​လ​သည် သူ၏​အ​မှု​ထမ်း​မ​ဟုတ်​လော။ ရှေ​ခင်​အ​ဘ ဟာ​မော်​လူ​တို့၏​အ​မှု​ကို ထမ်း​ကြ​လော့။ အ​ဘိ​မ​လက်​အ​မှု​ကို အ​ဘယ်​ကြောင့် ထမ်း​ရ​မည်​နည်း။

ဧ​ဗက်၏​သား ဂါ​လ​စ​ကား​ကို မြို့​အုပ်​ဇေ​ဗု​လ​ကြား​သော​အ​ခါ အ​မျက်​ထွက်၍




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ