ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကိုဖျက်ကြ၏။
ရှင်ဘုရင်သည် ပြည်သားတို့၏စကားကို နားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သားအဟိယအားဖြင့် နေဗတ်၏သားယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေတော်မူမည် အကြောင်းတည်း။
ရှင်ဘုရင်သည် ပြည်သားတို့စကားကို နားမထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သားယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေတော်မူမည် အကြောင်းတည်း။
ထာဝရဘုရားသည် အဲဂုတ္တုပြည်၏အလယ်၌ ယစ်မူးသောသဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည်သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။
အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။
သူတစ်ပါး လုယူခြင်းကိုမခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတစ်ပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီးတတ်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။-
တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။-
သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊