အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍နေလေ၏။
ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့တိုင်အောင် ဣသရေလတိုင်းခရိုင် ရှိသမျှကို လျှောက်သွား၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘနောက်သို့ လိုက်ကြ၏။
အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကိုစုဝေးစေလော့၊ ရေကိုငါပေးမည်ဟု မောရှေအားမိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ်သတည်း။
ထိုမှတစ်ပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊