Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 9:17

Judson Bible

ငါ့​အ​ဘ​သည် သင်​တို့​အ​ဖို့ စစ်​တိုက်၍ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက်၊ သင်​တို့​ကို မိ​ဒျန်​အ​မျိုး​လက်​မှ ကယ်​နုတ်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

မ​ကယ်​မ​နုတ်​ကြောင်း​ကို ငါ​သည် သိ​မြင်​သော​အ​ခါ၊ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက် အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ၏။ သင်​တို့​သည် ငါ့​ကို တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ယ​နေ့ လာ​ကြ​သ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊

ယ​ခု​မှာ သင်​တို့​သည် အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အား​ဖြင့် သ​စ္စာ​တ​ရား​ကို​စောင့်၍၊ ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား ကောင်း​မွန်​စွာ​ပြု​ကြ​ပြီ​လော။ ယေ​ရု​ဗ္ဗာ​လ​သည် ကျေး​ဇူး​ပြု၍ ခံ​ထိုက်​သည်​အ​တိုင်း သူ့​အား ကျေး​ဇူး​ဆပ်​ကြ​ပြီ​လော။

သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။

မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ