Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 8:5

Judson Bible

သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊

ယာ​ကုပ်​လည်း၊ သု​ကုတ်​အ​ရပ်​သို့​ခ​ရီး​သွား၍၊ ကိုယ်​နေ​ဖို့​အိမ်​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နေ​ဖို့ တင်း​ကုပ်​တို့​ကို​လည်း​ကောင်း၊ ဆောက်​လေ၏။ ထို​ကြောင့် ထို​အ​ရပ်​ကို၊ သု​ကုတ်​ဟူ၍​တွင်​လေ​သ​တည်း။

သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။

အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။

မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။

ထို​အ​ခါ ဓား​ကိုင်​သော လူ​တစ်​သိန်း​နှစ်​သောင်း သေ​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သော လူ​တစ်​သောင်း​ငါး​ထောင်​ခန့်​မျှ​သာ ပါ​လျက်၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​သည် ကာ​ကော်​မြို့၌ ရှိ​ကြ၏။

မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။

ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊

အ​ဘိ​ဂဲ​လ​သည် မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည်​ဘူး​နှစ်​လုံး၊ ချက်​ပြီး​သော သိုး​ငါး​ကောင်၊ ပေါက်​ပေါက်​ငါး​ဧ​ဖာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး ပျဉ်​အ​ပြား​နှစ်​ရာ​တို့​ကို အ​လျင်​အ​မြန်​ယူ၍ မြည်း​တို့​အ​ပေါ်၌​တင်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ