Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 8:32

Judson Bible

ယော​ရှ​သား​ဂိ​ဒေါင်​သည် အ​သက်​ကြီး​ရင့်​သော် အ​နိ​စ္စ​ရောက်၍၊ အ​ဗျေ​ဇာ​သား​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ၊ အ​ဘ​ယော​ရှ​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ​၏။

အာ​သ​ဟေ​လ၏​အ​လောင်း​ကို​ထမ်း​သွား၍ ဗက်​လင်​မြို့၌​ရှိ​သော သူ့​အ​ဘ၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး​သွား၍၊ မိုး​လင်း​စ​တွင် ဟေ​ဗြုန်​မြို့​သို့​ရောက်​ကြ၏။

အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​နှင့်​ကြွယ်​ဝ​သော်၊ အ​နိ​စ္စ ရောက်​လေ၏။ ယော​ဘ​ဝ​တ္တု​ပြီး၏။

အ​ချိန်​တန်​လျှင် သိမ်း​ယူ​သော​ကောက်​လှိုင်း​ကဲ့​သို့၊ သင်​သည် အ​သက်​ကြီး​ရင့်၍ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။

ရှေ​ခင်​မြို့၌​နေ​သော မ​ယား​ငယ်​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ထို​သား​ကို အ​ဘိ​မ​လက်​အ​မည်​ဖြင့် မှည့်​လေ၏။

ဂိ​ဒေါင်​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖောက်​ပြန်၍ ဗာ​လ​ဘု​ရား​တို့​နှင့် မှား​ယွင်း​သ​ဖြင့်၊ ဗာ​လ​ဗေ​ရိတ်​ကို ဘု​ရား​အ​ရာ၌ ချီး​မြှောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ