Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 8:26

Judson Bible

ဂိ​ဒေါင်​တောင်း​သော ရွှေ​နား​တောင်း​များ​အ​ချိန်​ကား၊ အ​ခွက်​တစ်​ဆယ်​ခု​နစ်​ပိဿာ ရှိ၏။ ထို​မှ​တစ်​ပါး၊ မိ​ဒျန်​မင်း​ကြီး ဝတ်​ဆင်​သော​တန်​ဆာ၊ လည်​ဆွဲ၊ နီ​မောင်း​သော​အ​ဝတ်၊ ကု​လား​အုတ်​လည်​ကြိုး​များ​ကို ရ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊

ကိုယ်​အ​ဖို့ စောင်​တို့​ကို​ရက်၍၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ကို ဝတ်​တတ်​၏။

ထို​ကာ​လ၌ ဘု​ရား​ရှင်​သည် သူ​တို့​ခြေ​ချင်း၊ ဇာ​ဦး​ထုပ်၊ လ​ဆန်း​ရုပ်​လည်​ဆွဲ၊

ထု​လုပ်​တတ်​သော​သူ၊ သွန်း​တတ်​သော​သူ၏ လက်​လုပ်​ရာ​ငွေ​ပြား​ကို တာ​ရှု​မြို့​မှ​လည်း​ကောင်း၊ ရွှေ​ကို​လည်း ဥ​ဖတ်​မြို့​မှ​လည်း​ကောင်း ဆောင်​ခဲ့​တတ်၏။ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်​နှင့် ခြုံ​တတ်၏။ လိ​မ္မာ​သော​သူ လုပ်​ရာ​သက်​သက်​ဖြစ်​သ​တည်း။

အဲ​ဂု​တ္တု​ပြည်၌ ချယ်​လှယ်​သော ပိတ်​ချော​ရွက်​တို့​ကို​ဖြန့်၍၊ ဧ​လိ​ရှ​ကျွန်း​တို့​မှ ယူ​ခဲ့​သော အ​ထည်​ပြာ၊ အ​ထည်​မောင်း​ဖြင့်​လုပ်​သော မျက်​နှာ​ကြက်​နှင့် ပြည့်​စုံ၏။

တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။-

စစ်​သူ​ရဲ​တို့​သည် ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို ခေါင်း​တော်၌​တင်၍၊ နီ​မောင်း​သော​ဝတ်​လုံ​နှင့် ခြုံ​စေ​ပြီး​လျှင်၊-

ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။-

ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-

ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပိတ်​ချော၊ အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်၍၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​သော​မြို့​ကြီး၊-

ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​က​လည်း၊ ကိုယ်​တော်​တိုင်​ထ၍ ငါ​တို့​ကို လုပ်​ကြံ​လော့။ လူ​ဖြစ်​သ​ကဲ့​သို့ သူ့​အ​စွမ်း​သ​တ္တိ ဖြစ်​တတ်​သည်​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​သည်​ထ၍ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို သတ်​သ​ဖြင့်၊ သူ​တို့​ကု​လား​အုတ်၏ လည်​ပင်း၌​ဆင်​သော တန်​ဆာ​တို့​ကို ချွတ်​ယူ​လေ၏။

သူ​တို့​က​လည်း၊ စင်​စစ်​ပေး​ပါ​မည်​ဟု​ဆို​လျက် စောင်​ကို​ခင်း၍၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​လု​ယူ၍​ရ​သော နား​တောင်း​များ​ကို ချ​ထား​ကြ၏။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ