Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 8:23

Judson Bible

ဂိ​ဒေါင်​က၊ ငါ​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။ ငါ့​သား​လည်း မ​အုပ်​စိုး​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အုပ်​စိုး​တော်​မူ​ရ၏ ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​တည်​သော​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် နိုင်​ငံ​တော်​ထဲ​က ကွယ်​ပျောက်​ကြ​ပါ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို​အ​မှီ​ပြု၍ ဝမ်း​မြောက်​စေ။ ဇိ​အုန်​သား​တို့​သည် မိ​မိ​တို့​ရှင်​ဘု​ရင်​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​စေ။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ တ​ရား​သူ​ကြီး ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ပ​ညတ်​တ​ရား​ရှင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော် မ​အုပ်​စိုး​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ကို မ​ခံ​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။-

ဂိ​လဒ်​ပြည်​သား မင်း​များ​တို့​က၊ အ​ကြင်​သူ​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဦး​တိုက်၏။ ထို​သူ​သည် ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏​အ​ထွတ်​ဖြစ်​စေ​ဟု တိုင်​ပင်​စီ​ရင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​လူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​သော​ကြောင့်၊ သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု၊ ဂိ​ဒေါင်​အား လျှောက်​ဆို​ကြ​သော်၊

သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊

နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ