ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်းထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ကောင်းသည်မဟုတ်လော။
ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။
ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။
ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကိုမခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ် ဩရဘနှင့်ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည်ကြားသောအခါ စိတ်ပြေကြ၏။