သုကုတ်မြို့သား လုလင်တစ်ယောက်ကို ဖမ်းမိ၍မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူ ခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။
ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဖို့အိမ်ကိုလည်းကောင်း၊ တိရစ္ဆာန်များနေဖို့ တင်းကုပ်တို့ကိုလည်းကောင်း၊ ဆောက်လေ၏။ ထိုကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍တွင်လေသတည်း။
ယောရှသားဂိဒေါင်သည် နေမထွက်မီ စစ်တိုက်ရာမှပြန်လာ၍၊
ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကိုပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကိုကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊