Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 8:1

Judson Bible

ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ၍၊ ကျွန်​တော်​တို့ ညီ​အစ်​ကို​ဖြစ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ခိုး​ယူ၍ ကိုယ်​တော်​နှင့်​တ​ကွ နန်း​တော်​သား ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ရ​ကြ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊

ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ငါ​တို့​နှင့် ပေါက်​ဖော်​တော်​သည်​ဖြစ်၍၊ ဤ​အ​မှု၌ သင်​တို့​သည် အ​ဘယ်​ကြောင့် စိတ်​ဆိုး​ကြ​သ​နည်း။ ရှင်​ဘု​ရင်၏ ရိ​က္ခာ​တော်​ကို ငါ​တို့​စား​ကြ​သ​လော။ ငါ​တို့​အား တစ်​စုံ​တစ်​ခု​သော ဆု​ကို​ပေး​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ကြ၏။

ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။

တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။

ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။

ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ