Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:9

Judson Bible

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။

လူ​တို့​သည်​ကြီး​စွာ​သော အိပ်​ပျော်​ခြင်း​သို့​ရောက်၍၊ ထူး​ဆန်း​သော​ရူ​ပါ​ရုံ ထင်​ရှား​ရာ​ကာ​လ ည​အ​ချိန်၌ ငါ​အောက်​မေ့​စဉ်​တွင်၊

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-

ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည် နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ၊ ထို​သူ​အ​ပေါင်း​တို့​ကို အ​သေ​အပ်​မည်။ မြင်း​တို့၏ ခြေ​ကြော​ကို​ဖြတ်​ရ​မည်။ ရ​ထား​တို့​ကို​မီး​ရှို့​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။

သူ​က​လည်း ငါ့​နောက်​သို့ လိုက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ရန်​သူ မော​ဘ​လူ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို​သည်​အ​တိုင်း၊ သူ့​နောက်​မှာ​ဆင်း၍ ယော်​ဒန်​မြစ်​ကူး​ရာ မော​ဘ​ပြည်​သို့​သွား​ရာ​လမ်း​ကို ဆီး​တား​သ​ဖြင့်၊ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကူး​စေ​ရ။

မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။

ထို​သူ​တို့​သည် စား​စ​ရိတ်​နှင့် တံ​ပိုး​များ​ကို​ယူ၍၊ ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​မိ​နေ​ရာ​သို့ ဂိ​ဒေါင်​သည် လွှတ်​လိုက်​သ​ဖြင့်၊ ထို​သုံး​ရာ​သော​လူ​တို့​ကို​သာ မိ​မိ​နှင့်​အ​တူ ချန်​ထား​လေ၏။ မိ​ဒျန်​လူ​တို့​သည် သူ့​အောက်​ချိုင့်၌ တပ်​ချ​လျက် ရှိ​ကြ၏။

ယော​န​သန်​က၊ ထို​လူ​တို့​ဆီ​သို့​သွား၍ ကိုယ်​ကို ပြ​ကြ​ကုန်​အံ့။

တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ