Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:24

Judson Bible

ဂိ​ဒေါင်​သည်​လည်း၊ တ​မန်​တို့​ကို ဧ​ဖ​ရိမ်​တောင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​သည် မိ​ဒျန်​လူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် သူ​တို့​အ​ရင်​စောင့်​နေ​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် စု​ဝေး၍၊ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် စောင့်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။

ငါ​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​ရာ​သို့ ရောက်၍ သင်​တို့​နှင့်​အ​တူ သက်​သာ​ခြင်း​ကို ခံ​စား​လို​သော​ငှာ၊ ယု​ဒ​ပြည်၌ ငြင်း​ဆန်​သော​သူ​တို့​လက်​မှ ငါ​လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​အား ငါ​လုပ်​ကျွေး​ခြင်း​အ​မှု​ကို သန့်​ရှင်း​သူ​တို့​သည် နှစ်​သက်​မည်​အ​ကြောင်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​တူ ကြိုး​စား​အား​ထုတ်၍ ငါ့​အ​ဖို့​အ​လို​ငှာ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်၏ မေ​တ္တာ​က​ရု​ဏာ​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

ဂိ​လဒ်​လူ​တို့​သည် ဧ​ဖ​ရိမ်​လူ​တို့​ရှေ့​မှာ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်​တို့​ကို ဆီး​တား၍ ပြေး​လွတ်​သော ဧ​ဖ​ရိမ်​လူ​က၊ ကူး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော​အ​ခါ၊ ဂိ​လဒ်​လူ​တို့​က၊ သင်​သည် ဧ​ဖ​ရိမ်​အ​မျိုး​သား ဖြစ်​သ​လော​ဟု မေး​စစ်​သော်၊ သူ​က မ​ဟုတ်​ပါ​ဟု ဆို​လျှင်၊

ဘု​ရား​သ​ခင်​သည် မိ​ဒျန်​ဗိုလ်​ချုပ် ဩ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​ပြီ။ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟု ပြန်​ပြော​သော​စ​ကား​ကို သူ​တို့​သည်​ကြား​သော​အ​ခါ စိတ်​ပြေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ