Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:22

Judson Bible

လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။

တာ​နက်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် တ​ကွ​ဗက်​ရှန်​မြို့​မှ အာ​ဗေ​လ​မ​ဟော​လ​မြို့​တိုင်​အောင်​မ​က၊ ယုတ်​နန်​မြို့​အ​လွန်၊ ယေ​ဇ​ရေ​လ​မြို့ အောက်​ဇာ​တ​န​မြို့​နှင့် နီး​စပ်​သော ဗက်​ရှန်​မြို့​နယ်​လုံး​ကို​စီ​ရင်​သော အ​ဟိ​လုပ်၏​သား​ဗာ​န၊

တစ်​ဖန် စိ​ရ​တောင်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ လှန်၍​တိုက်​သ​ဖြင့်၊ အ​ကုန်​အ​စင်​သတ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်​ခိုက်၍၊ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ၏။

မိ​ဒျန်​အ​မျိုး​ကို​လည်း​ကောင်း၊ ခိ​ရှုန်​ချောင်း​နား​မှာ သိ​သ​ရ​မင်း​နှင့် ယာ​ဘိန်​မင်း​ကို​လည်း​ကောင်း​ပြု​သ​ကဲ့​သို့ သူ​တို့​ကို ပြု​တော်​မူ​ပါ။

အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ပြု​စေ​ခြင်း​ငှာ ငါ​နှိုး​ဆော်​သ​ဖြင့်၊ သူ​တို့​သည် ညီ​အစ်​ကို​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ အိမ်​နီး​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ တစ်​မြို့​နှင့် တစ်​မြို့၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ စစ်​တိုက်​ကြ​လိမ့်​မည်။

ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။

အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​တောင်​များ အ​ရပ်​ရပ်​တို့​တွင် သူ့​တစ်​ဖက်၌ ဓား​ကို ငါ​မှာ​လိုက်​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဓား​နှင့် ခုတ်​ကြ​လိမ့်​မည်။

ဗိုလ်​မင်း​တို့၏ ဦး​ခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်​ချင်း​ခပ် ထိုး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို လွင့်​စေ​ခြင်း​ငှာ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့ တိုက်​ကြ​ပါ၏။ ဆင်း​ရဲ​သား​တို့​ကို အ​မှတ်​တ​မဲ့ ကိုက်​စား​မည့်​အ​ကြံ​ရှိ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​ပါ၏။

တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။

ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့် သူ​တို့​သည် အ​လွန်​ရုန်း​ရင်း​ခတ်​မျှ​ပြု၍၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ချင်း​ရိုက်​သော်​လည်း၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍ သတ်​ကြ​လိမ့်​မည်။

သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။-

မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။

သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။

ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။

သို့​ရာ​တွင်၊ ရှော​လု၏​သ​မီး မေ​ရပ်​ကို ဒါ​ဝိဒ်​အား ပေး​စား​ရ​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ မေ​ဟော​လ​သိ​အ​မျိုး အ​ဒြေ​လ​အား ပေး​စား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ