Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:21

Judson Bible

သူ​တို့​သည် တပ်​ပတ်​ဝန်း​ကျင်၌ လူ​တိုင်း မိ​မိ​နေ​ရာ​အ​ရပ်​တွင် ရပ်​နေ၍၊ တပ်​သား​အ​ပေါင်း​တို့​သည် ပြေး​လျက်၊ အော်​လျက် ထွက်​ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​တို့​ကို လူ​တိုင်း​တစ်​ယောက်​စီ သတ်​ကြ​သ​ဖြင့် ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်​လိုက်​ကြ​သ​ဖြင့် ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မြင်း​စီး၍ မြင်း​စီး​သူ​ရဲ​တို့​နှင့်​အ​တူ အ​လွတ်​ပြေး၏။

ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။

သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။

သူ​တို့​ရ​ထား​အ​သွား​ခက်​စေ​ခြင်း​ငှာ ရ​ထား​ဘီး​များ​ကို ချို့​တဲ့​စေ​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​ထံ​မှ ပြေး​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘက်၊ အဲ​ဂု​တ္တု​လူ​တို့​တစ်​ဖက်၌ စစ်​တိုက်​သည်​ဟု​ပြော​ဆို​ကြ​၏။

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။

အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။

မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။-

လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ