သူကြီး 7:20Judson Bibleလူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကိုခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကိုလည်းကောင်း၊ လက်ယာလက်၌ မှုတ်စရာတံပိုးတို့ကိုလည်းကောင်းကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။-
အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။-
နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကိုသုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။