Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:19

Judson Bible

ထို​သို့ ဂိ​ဒေါင်​နှင့် သူ၌​ပါ​သော လူ​တစ်​ရာ​တို့​သည် သန်း​ခေါင်​ယံ၌ ကင်း​လဲ​စ​က တပ်​ပြင်​သို့​ရောက်​သ​ဖြင့် တံ​ပိုး​မှုတ်​ကြ၏။ မိ​မိ​ကိုင်​သော အိုး​တို့​ကို​လည်း​ခွဲ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။

ရှေ့​တော်၌ အ​နှစ်​တစ်​ထောင်​သည် လွန်​ပြီး​သော မ​နေ့​ကဲ့​သို့​လည်း​ကောင်း၊ ညဉ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။

နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။-

ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-

ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။

ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။

လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ