Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:16

Judson Bible

ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ည​အ​ခါ၊ မိ​မိ​လူ​တို့​ကို​ခွဲ၍ တိုက်​စေ​သ​ဖြင့်၊ လုပ်​ကြံ​ပြီး​လျှင်၊ ဒ​မာ​သက်​မြို့​မြောက်​ဘက် ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​ပြန်​လေ​၏။

လူ​သုံး​စု​တစ်​စု​ကို ယွာ​ဘ၌​လည်း​ကောင်း၊ တစ်​စု​ကို ဇေ​ရု​ယာ​သား ယွာ​ဘ​ညီ အ​ဘိ​ရှဲ၌​လည်း​ကောင်း၊ တစ်​စု​ကို​ဂိ​တ္တိ​လူ အိ​တ္တဲ၌​လည်း​ကောင်း​အပ်၍၊ ငါ့​ကိုယ်​တိုင်​ချီ​သွား​မည်​ဟု လူ​များ​တို့​အား​မိန့်​တော်​မူ၏။

သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။-

ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။

ငါ့​ကို​ကြည့်၍ ငါ​ပြု​သည်​အ​တိုင်း​ပြု​ကြ။ တပ်​ပြင်​သို့ ရောက်​သော​အ​ခါ၊ ငါ​ပြု​သည်​အ​တိုင်း ပြု​ကြ။

နက်​ဖြန်​နေ့၌ ရှော​လု​သည် လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​မှ၊ နံ​နက်​ယံ​အ​ချိန်၌ ရန်​သူ​အ​လုံး​အ​ရင်း​ထဲ​သို့​ဝင်၍ နေ​ပူ​ချိန်​တိုင်​အောင် အ​မ္မုန်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ တစ်​ယောက်​နှင့် တစ်​ယောက်​ပေါင်း၍ မ​နေ​ရ​သည်​တိုင်​အောင် လူ​အ​ပေါင်း​တို့​သည် ကွဲ​ပြား​လျက်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ