Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 7:11

Judson Bible

သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။

ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​က ထို​အ​လုပ်​ကို လက်​စ​မ​သတ်​နိုင်​အောင် သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်​ဟု ဆို​လျက် ငါ​တို့​ကို ခြိမ်း​ခြောက်​ကြ၏။ သို့​ရာ​တွင် ထို​စ​ကား​ကြောင့် ငါ​သာ၍​အား​ရှိ၏။

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။

တပ်​သား​တို့​က၊ လာ​ကြ။ တစ်​စုံ​တစ်​ခု​ကို ပြ​မည်​ဟု ယော​န​သန်​နှင့် လက်​နက်​ဆောင်​လု​လင်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ ငါ့​နောက်​သို့ လိုက်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု လု​လင်​အား​ဆို​သ​ဖြင့်၊

ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊

ဒါ​ဝိဒ်​က​လည်း၊ ရှော​လု​ရှိ​ရာ​တပ်​သို့ ငါ​နှင့်​အ​တူ အ​ဘယ်​သူ​လိုက်​မည်​နည်း​ဟု ဟိ​တ္တိ​အ​မျိုး​သား အ​ဟိ​မ​လက်​နှင့် ဇေ​ရု​ယာ၏​သား ယွာ​ဘ​ညီ အ​ဘိ​ရှဲ​တို့​ကို မေး​လျှင်၊ အ​ဘိ​ရှဲ​က ကျွန်​တော်​လိုက်​ပါ​မည်​ဟု လျှောက်​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ