Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

တစ်​ဖန် သူ​တို့​အော်​ဟစ်​ခြင်း​ကို ကြား​တော်​မူ​လျှင်၊ သူ​တို့၌ ဆင်း​ရဲ​ဒု​က္ခ​ကို ကြည့်​ရှု​သ​ဖြင့်၊

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

ထို​သို့ မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​သော​အ​ခါ၊

အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ အဲ​ဂု​တ္တု​မင်း​အ​စ​ရှိ​သော သင်​တို့​ကို ညှဉ်း​ဆဲ​သော မင်း​အ​ပေါင်း​တို့​လက်​မှ ကယ်​နုတ်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ