သူကြီး 6:6Judson Bibleဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကိုစားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြလိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်းတိုက်၍ လုပ်ကြံကြလိမ့်မည်။
ဧဒုံအမျိုးသားတို့က၊ ငါတို့သည်ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟု ဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည်တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။