Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:34

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဝိ​ညာဉ်​တော်​သည် ဗိုလ်​ချုပ်​အာ​မ​သဲ​အ​ပေါ်​မှာ သက်​ရောက်၍၊ အို​ဒါ​ဝိဒ်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​လူ၊ အို​ယေ​ရှဲ၏​သား​တော်၊ ကိုယ်​တော်​ဘက်​သို့ ဝင်​စား​သော​သူ​ဖြစ်​ပါ၏။ ကိုယ်​တော်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကို​မ​စ​သော​သူ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို မ​စ​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​လေ​သော်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို လက်​ခံ၍ ဗိုလ်​အ​ရာ၌ ခန့်​ထား​လေ၏။

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊

တစ်​ဖန်​ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား ဇာ​ခ​ရိ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ပ​ရိ​သတ်​အ​လယ်၊ မြင့်​သော​အ​ရပ်၌ ရပ်​လျက်၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ သင်​တို့​ကို​လည်း စွန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။

တံ​ပိုး​မှုတ်​သော​အ​ခါ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

ခ​ရစ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

ယော​သပ်၏​သား မ​နာ​ရှေ၏​သား​ယောက်ျား အ​ခြား​တည်း​ဟူ​သော အ​ဗျေ​ဇာ​သား၊ ဟေ​လက်​သား၊ အ​သ​ရေ​လ​သား၊ ရှေ​ခင်​သား၊ ဟေ​ဖာ​သား၊ ရှ​မိ​ဒ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရေး​တံ​ပြု၍ ရ​ကြ​သေး၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား၊ ဒန်​အ​မျိုး​တပ်၌ တစ်​ခါ​တ​လေ နှိုး​ဆော်​စ​ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။

လေ​ဟိ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြွေး​ကြော်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ့​လက်၌ ချည်​သော​ကြိုး​တို့​သည် မီး​ထိ​သော ပိုက်​ဆန်​ရိုး​ကဲ့​သို့ ဖြစ်၍ အ​ချည်​အ​နှောင်​ကျွတ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။

ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သင်​သည် သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု၍ ခြား​နား​သော​သူ ဖြစ်​လိမ့်​မည်။

ထို​သ​တင်း​ကို ရှော​လု​ကြား​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သက်​ရောက်၍ ထို​သူ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊

ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ