Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:32

Judson Bible

ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ဗ္ဗေ​ရှက်​သား အ​ဘိ​မ​လက်​ကို အ​ဘယ်​သူ လုပ်​ကြံ​သ​နည်း။ သေ​ဗက်​မြို့​မှာ မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို မြို့​ရိုး​ပေါ်​က​ပစ်​ချ၍ အ​ဘိ​မ​လက်​သေ​သည် မ​ဟုတ်​လော။ မြို့​ရိုး​အ​နီး​သို့ အ​ဘယ်​ကြောင့် ချဉ်း​ကပ်​ကြ​သ​နည်း​ဟု မိန့်​တော်​မူ​လျှင်၊ ကိုယ်​တော်၏​ကျွန် ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သေ​ကြောင်း​ကို လျှောက်​ရ​မည်​ဟု မှာ​ထား၍ စေ​လွှတ်​လေ၏။

အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ​ရှိ​ပါ​သည်​တ​ကား။ ယေ​ရု​ရှ​လင်​မြို့​လမ်း​များ အ​ရေ​အ​တွက် ရှိ​သည်​အ​တိုင်း၊ ရှက်​ဖွယ်​သော​ရုပ်​တု​အ​ဖို့ ယဇ်​ပ​လ္လင်​များ၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ရှို့​ရာ ယဇ်​ပ​လ္လင်​များ​ကို တည်​ကြ​ပြီ။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။

ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။

ဂိ​ဒေါင်​တည်း​ဟူ​သော ယေ​ရု​ဗ္ဗာ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြု​သ​မျှ​သော ကျေး​ဇူး​နှင့်​အ​ညီ၊ သူ၏​အ​မျိုး၌ ကျေး​ဇူး​တုံ့ ပြန်၍​မ​ပြု​ဘဲ နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ