Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:31

Judson Bible

ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။

မွန်း​လွဲ၍ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ကြ​သော်​လည်း၊ ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ၊ အ​မှု​ထား​သော​သူ​လည်း မ​ရှိ​သော​အ​ခါ၊

ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။

လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။

သင်​တို့​သည် ဘု​ရား​ဖြစ်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း၊ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ပြ​ကြ​လော့။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​တွေ့​မြင်​မည် အ​ကြောင်း၊ ကောင်း​သော​အ​မှု၊ ဆိုး​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို ပြု​ကြ​လော့။

ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။

ထို​ဘု​ရား​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ဆောင်​သွား​သ​ဖြင့် သူ့​နေ​ရာ၌ ထား​ကြ၏။ သူ​သည်​လည်း မတ်​တတ်​နေ၏။ သူ၏​နေ​ရာ​မှ သူ​မ​ရွှေ့​နိုင်။ သူ့​ကို အော်​ဟစ်​သော်​လည်း၊ သူ​သည်​မ​ထူး။ ဒု​က္ခ​ဆင်း​ရဲ​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့ ခိုင်​မာ၍ စ​ကား​မ​ပြော​တတ်။ မိ​မိ​အ​လို​အ​လျောက်​မ​သွား​နိုင်​သော​ကြောင့်၊ ထမ်း၍​သွား​ရ၏။ ထို​အ​ရာ​တို့​ကို မ​ကြောက်​ကြ​နှင့်။ အ​န္တ​ရာယ်​ကို မ​ပြု​နိုင်။ ကျေး​ဇူး​ကို​လည်း မ​ပြု​နိုင်။

ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊

ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ခြင်း​အ​ရာ​မှာ၊ ရုပ်​တု​သည် ဤ​လော​က၌ အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ကို​လည်း​ကောင်း၊ တစ်​ဆူ​တည်း​သော ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​သိ​ကြ၏။-

အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။-

ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊

ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ