Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:23

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။

ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။

ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။

ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို ငါ​နား​ထောင်​မည်။ အ​ကယ်​စင်​စစ် မိ​မိ​လူ၊ မိ​မိ​သန့်​ရှင်း​သူ​တို့​အား ငြိမ်​သက်​ခြင်း​အ​ကြောင်း​ကို မိန့်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်၊ နောက်​တစ်​ဖန် မိုက်​သော​အ​ကျင့်​ကို မ​ကျင့်​ကြ​ပါ​စေ​နှင့်။

အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-

ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။

လူ​အို​က​လည်း၊ သင်၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ သင်​လို​သ​မျှ​သည် ငါ့​တာ​ရှိ​စေ​တော့။ လမ်း​မှာ​ည​ကို မ​လွန်​စေ​နှင့်​ဟု​ဆို​လျက်၊

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ