Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 6:20

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သ​ခင်၊ ရှေ့​တော်၌​အ​ကျွန်ုပ်​သည် မျက်​နှာ​ရ​လျှင် ကိုယ်​တော်​ကျွန်​မှ လွန်၍​မ​သွား​ပါ​နှင့်။

မာ​နော်​က​လည်း၊ ကိုယ်​တော်​အ​ဖို့ ဆိတ်​သ​ငယ်​ကို မ​ပြင်​ဆင်​မီ​တိုင်​အောင် ကိုယ်​တော်​ကို ဆီး​တား​ပါ​ရ​စေ​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား ဆို​လျှင်၊

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ့​ကို ဆီး​တား​သော်​လည်း သင်၏​စား​စ​ရာ​ကို ငါ​မ​စား။ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လို​လျှင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်​ဟု မာ​နော်​အား ဆို​ပြန်၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို မာ​နော် မ​သိ​သေး။

မာ​နော်​သည် ဆိတ်​သ​ငယ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ၍ ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လေ၏။ ထို​အ​ခါ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍ မြင်​ရ​သော အံ့​ဩ​ဖွယ်​ဟူ​မူ​ကား၊

ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ