Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:6

Judson Bible

အာ​နတ်​သား ရှံ​ဂါ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ ယေ​လ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ လမ်း​မ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ၍ ခ​ရီး​သွား​သော​သူ​တို့​သည် လမ်း​ကြား​တို့၌ လိုက်​သွား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

လမ်း​မ​တို့​သည် ဆိတ်​ညံ​ကြ၏။ လမ်း​ခ​ရီး၌ သွား​လာ​သော​သူ မ​ရှိ။ ထို​မင်း​သည် သ​စ္စာ​ပျက်​လေ​ပြီ။ မြို့​များ​ကို​လည်း ပယ်​လေ​ပြီ။ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​မှတ်​တတ်။

တော​သို့ မ​ထွက်​ကြ​နှင့်။ လမ်း​မှာ​မ​သွား​ကြ​နှင့်။ ရန်​သူ၌ ဓား​ပါ၏။ အ​ရပ်​ရပ်၌ ဘေး​ရှိ၏။

အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။

ငါ​တို့​သည် လမ်း၌​မ​သွား​ရ​မည်​အ​ကြောင်း ငါ​တို့​ခြေ​ရာ​ကို လိုက်​ရှာ​ကြ၏။ ငါ​တို့​သည် ဆုံး​ချိန်​နီး​ပြီ။ အ​သက်​ရှင်​ရ​သော​ကာ​လ စေ့​ပြီ။ ဆုံး​ချိန်​ရောက်​လေ​ပြီ။

သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​ဆက်​ပြတ်​လျက်​ရှိ၏။ ငါ​ဒေ​ဗော​ရ​သည် မ​ပေါ်၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​မိ​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် မင်း​ဆက်​ပြတ်​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ