ထိုသူသည် ရေကိုတောင်း၍ ယေလသည် နို့ကိုပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
ထိုနောက်၊ နို့နှင့် နို့ဓမ်းကိုလည်းကောင်း၊ ပြင်ဆင်သော နွားသငယ်ကိုလည်းကောင်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည်စားကြ၏။
ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
တဲတံသင်ကို ယူ၍ လက်ယာလက်နှင့် လက်ရိုက်ကိုကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။