Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 5:21

Judson Bible

ကိ​ရှုန်​မြစ်၊ စစ်​မှု​ကြောင့် ကျော်​စော​သော​မြစ်၊ ကိ​ရှုန်​မြစ်​သည် ရန်​သူ​တို့​ကို ပယ်​သွား၏။ အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် ခွန်​အား​ကြီး​သော​သူ​ကို နှိပ်​နင်း​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။

ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။

ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​သော ငါ့​ရန်​သူ​သည် ထို​အ​မှု​ကို မြင်၍ ရှက်​ကြောက်​လိမ့်​မည်။ သူ၌ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​သည် လမ်း​မှာ ရွှံ့​ကဲ့​သို့ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

ငါ​သည်​လည်း ယာ​ဘိန်​မင်း၏​ဗိုလ်​ချုပ် သိ​သ​ရ​နှင့် ရ​ထား​ဗိုလ်​ပါ​များ​ကို သင်​ရှိ​ရာ​ကိ​ရှုန်​မြစ်​သို့ သွေး​ဆောင်၍ သင့်​လက်၌​အပ်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဟု ဆင့်​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ