Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 5:20

Judson Bible

ကောင်း​ကင်​မှ စစ်​ကူ​ကြ၏။ ကြယ်​တို့​သည် လှည့်​ပတ်​စဉ်​အ​ခါ သိ​သ​ရ​ကို စစ်​တိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မြေ​တစ်​ပြင်​လုံး​အ​နှံ့​အ​ပြား တိုက်​ကြ​သ​ဖြင့် ထို​နေ့၌ လူ​ချင်း​သတ်၍ သေ​သည်​ထက် တော၌​ဆုံး​ရှုံး​သော​သူ သာ၍​များ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။

ကိ​ရှုန်​မြစ်၊ စစ်​မှု​ကြောင့် ကျော်​စော​သော​မြစ်၊ ကိ​ရှုန်​မြစ်​သည် ရန်​သူ​တို့​ကို ပယ်​သွား၏။ အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် ခွန်​အား​ကြီး​သော​သူ​ကို နှိပ်​နင်း​ပြီ။

ရှ​မွေ​လ​သည် မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​စဉ်​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​တိုက်​ခြင်း​ငှာ ချဉ်း​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​အ​ပေါ်​မှာ ပြင်း​စွာ​မိုး​ချုန်း​စေ၍၊ သူ​တို့​တပ်​ကို ဖျက်​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ ရှုံး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ