Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 5:19

Judson Bible

ရှင်​ဘု​ရင်​တို့​သည် လာ၍ စစ်​တိုက်​ကြ၏။ ခါ​န​နိ​ရှင်​ဘု​ရင်​တို့​သည် မေ​ဂိ​ဒ္ဒေါ​အိုင်၊ တာ​နက်​မြို့​အ​နား​မှာ တိုက်​သော်​လည်း၊ ငွေ​ကို လု​ယူ၍​မ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။

ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။

တာ​နက်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် တ​ကွ​ဗက်​ရှန်​မြို့​မှ အာ​ဗေ​လ​မ​ဟော​လ​မြို့​တိုင်​အောင်​မ​က၊ ယုတ်​နန်​မြို့​အ​လွန်၊ ယေ​ဇ​ရေ​လ​မြို့ အောက်​ဇာ​တ​န​မြို့​နှင့် နီး​စပ်​သော ဗက်​ရှန်​မြို့​နယ်​လုံး​ကို​စီ​ရင်​သော အ​ဟိ​လုပ်၏​သား​ဗာ​န၊

ထို​မင်း​လက်​ထက်၌ အဲ​ဂု​တ္တု ဖာ​ရော​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို စစ်​ချီ၍၊ ယော​ရှိ​မင်း​ကြီး​သည် ဆီး​တား​ခြင်း​ငှာ ထွက်​ရာ​တွင်၊ မေ​ဂိ​ဒ္ဒေါ​မြို့​မှာ မင်း​ချင်း​တွေ့​သော​အ​ခါ၊ ယော​ရှိ​မင်း​သည် အ​သက်​ဆုံး​လေ၏။

သို့​ရာ​တွင် ယော​ရှိ​သည် မ​လွှဲ​မ​ရှောင်၊ နေ​ခေါ​ဆင့်​ဆို​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ စစ်​တိုက်​ခြင်း​ငှာ ခြား​နား​သော​အ​ယောင်​ကို ဆောင်​လျက်၊ မေ​ဂိ​ဒ္ဒေါ​ချိုင့်၌ စစ်​ပွဲ​ထဲ​သို့ ဝင်​လေ၏။

ကိုယ်​တော်၏​လူ​များ​ကို အ​ဖိုး​မ​ခံ​ဘဲ​ရောင်း၍၊ ရောင်း​သော​အား​ဖြင့် စီး​ပွား​တော်​ကို တိုး​ပွား​စေ​တော်​မူ​သည် မ​ဟုတ်။

တာ​နက်​မင်း​ကြီး​တစ်​ပါး၊ မေ​ဂိ​ဒ္ဒေါ​မင်း​ကြီး​တစ်​ပါး၊

ထို​ခ​ရိုင်၌ မ​နာ​ရှေ​အ​မျိုး​ရ​သော ပြည်​သုံး​ပြည်​ဟူ​မူ​ကား၊ ဗက်​ရှန်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ အင်္ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ တာ​နက်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် သူ့​မြို့​ရွာ​များ​တို့​ကို ရ​သေး၏။

အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-

မ​နာ​ရှေ​အ​မျိုး​သည်၊ ဗက်​ရှန်​မြို့​ရွာ​များ၊ တာ​နက်​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​ရွာ​များ၌​နေ​သော​သူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် အ​နိုင်​နေ​ကြ၏။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

သူ​တို့​သည် တွေ့၍​ရ​သော ဥ​စ္စာ​ကို​ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော။ စစ်​သူ​ရဲ​တို့​အား အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​စီ၊ သိ​သ​ရ​ဖို့ ပန်း​ဆိုး​သော​အ​ဝတ်၊ ပန်း​ဆိုး၍ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ၊ အောင်​သော​သူ​တို့၏ လည်​ပင်း၌ ဆင်​စ​ရာ​ဖို့ ပန်း​ဆိုး၍​ချယ်​လှယ်​လျက် အ​ဆင်း​အ​ရောင် ထူး​ခြား​သော အ​ဝတ်​တန်​ဆာ​ကို လု​ယူ၍ ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော​ဟု သိ​သ​ရ၏​အ​မိ​သည် ဆို​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ