Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 5:14

Judson Bible

အာ​မ​လက်​လူ​နေ​ရာ​အ​နား​မှာ နေ​ရာ​ကျ​သော​သူ​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ထွက်​လာ​ကြ၏။ သူ​တို့​နောက်​မှာ သင်၏​ဗိုလ်​ခြေ​တို့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ မာ​ခိ​ရ​အ​မျိုး​ထဲ​က​မင်း​များ၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က စီ​ရင်​တတ်​သော သူ​များ​တို့​သည် ထွက်​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌​နေ​သော​အ​ခါ၊ ရု​ဗင်​သည်​သွား၍ အ​ဘ၏​မ​ယား​ငယ်၊ ဗိ​လ​ဟာ​နှင့်​အိပ်​လေ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​ကြား၏။

ယာ​ကုပ်​သား​တစ်​ကျိပ်​နှစ်​ပါး​ရှိ၏။ လေ​အာ​တွင်​မြင်​သော​သား​ကား၊ ယာ​ကုပ်၏​သား​ဦး ရု​ဗင်၊ အ​စ​ရှိ​သော​ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်​တည်း။

ရာ​ခေ​လ​သား​ကား၊ ယော​သပ်​နှင့် ဗင်္ယာ​မိန်​တည်း။

အ​စိုး​ရ​သော ဗင်္ယာ​မိန်​ငယ်​မှ​စ၍၊ မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ယု​ဒ​မင်း​များ၊ ဇာ​ဗု​လုန်​မင်း​များ၊ နဿ​လိ​မင်း​များ ပါ​ကြ၏။

ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။

ပိ​ရ​သုန်​မြို့ နေ​ဟိ​လေ​လ​သား အာ​ဗ​ဒုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရှစ်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ပိ​ရ​သုန်​မြို့၊ အာ​မ​လက်​တောင်​ပေါ်​မှာ သင်္ဂြိုဟ်​လေ၏။

ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။

ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။

ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။

ထို​အ​ခါ ကျန်​ကြွင်း​သော​သူ​တို့​သည် သူ​ရဲ​ကြီး​တို့​ထံ​သို့ ဆင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် အ​စွမ်း​တန်​ခိုး​ကြီး​သော သူ​တို့​ထံ​သို့ ငါ့​အ​ဖို့​ဆင်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ