သူကြီး 5:13Judson Bibleထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဖို့ဆင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသားစကားကို ပြောသောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပျပ်ဝပ်စေခြင်းငှာလည်းကောင်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှာလည်းကောင်း ငါပြုမည်။-