Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 5:11

Judson Bible

ရေ​ကျင်း​များ​အ​နား​မှာ လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​သော​သူ​တို့၏​အ​သံ​ကို ကြား​သော​အ​ခါ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​သော​အ​မှု၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထို​အ​ရပ်​တို့​တွင် ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် မိ​မိ​တို့​နေ​သော​မြို့​သို့ ပြန်​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊

မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။

သိုး​ထိန်း​အ​ပေါင်း​တို့​သည် ထို​အ​ရပ်၌​စု​ဝေး​သော​အ​ခါ၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်၍၊ သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင်၊ ထို​ကျောက်​ကို မိ​မိ​နေ​ရာ​ရေ​တွင်း​ဝ​ပေါ်​မှာ တစ်​ဖန်​တင်​ထား​လေ့​ရှိ၏။

ငါ​သည်​မြို့​အ​လယ်၌ လျှောက်၍၊ မြို့​တံ​ခါး​သို့​သွား​လျက်၊ လမ်း၌ ထိုင်​ရာ​ကို ပြင်​ဆင်​လျက်​နေ​စဉ်​တွင်၊

သူ​တို့​သည် အ​လွန်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို အောက်​မေ့​ဖို့​ရာ မြွက်​ဆို၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ရာ​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။

ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။

သင်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ကယ်​တင်​ခြင်း စမ်း​ရေ​တွင်း​တို့၌ ရေ​ခပ်​ရ​ကြ​လိမ့်​မည်။

တ​ရား​မှု​ကို စီ​ရင်​သော​သူ​တို့​အား တ​ရား​စီ​ရင်​သော ဉာဏ်​ကို​လည်း​ကောင်း၊ ရန်​သူ​မျိုး တံ​ခါး​တိုင်​အောင် စစ်​မှု​ကို​လှန်​သော​သူ​တို့​အား၊ ခွန်​အား​ဗ​လ​ကို​လည်း​ကောင်း ပေး​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ငွေ​ပေး​မှ ရေ​ကို သောက်​ရ​ပါ၏။ ထင်း​ကို​လည်း ဝယ်​ရ​ပါ၏။

တော၌ ဓား​ဘေး​နှင့်​တွေ့၍ အ​သေ​ခံ​လျက် စား​စ​ရာ​ကို ရှာ​ရ​ကြ​ပါ၏။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ထို​သူ​နှစ်​ယောက်​တို့​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ဆောင်​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ မိန်း​မ​သည် မြို့​ထဲ​မှာ​ရှိ​လျက်​ပင် မ​အော်​မ​ဟစ်​သော​ကြောင့်​လည်း​ကောင်း၊ ယောက်ျား​လည်း သူ့​မ​ယား​ကို ရှုတ်​ချ​သော​ကြောင့်​လည်း​ကောင်း၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

ရှေ့​ဦး​စွာ​သော​အ​ဖို့​ကို မိ​မိ​အ​ဖို့​ရွေး​ယူ၍၊ တ​ရား​မင်း​ခွဲ​ဝေ​ရာ ထို​အ​ရပ်၌ လုံ​ခြုံ​ရ၏။ လူ​များ​တို့၏ အ​ကဲ​အ​မှူး​ပြု​လျက် လိုက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​မှု၊ ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို ပြု​လေ၏။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​တို့​ကို ရွေး​ယူ​ကြ၏။ ထို​အ​ခါ သူ​တို့​မြို့​များ​ကို ရန်​သူ​တို့​သည် တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား လေး​သောင်း​တွင် ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မျှ မ​ရှိ။

ယ​ခု​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​ဘိုး​ဘေး​များ၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သင်​တို့​အား ငါ​ဆွေး​နွေး​ဟော​ပြော​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ