သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစ်စုံတစ်ယောက်က ယောက်ျားရှိသလောဟု လာ၍မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
အဗရှလုံ၏ ကျွန်တို့သည် ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့် ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတစ်ဖက်သို့ ကူးကြပြီဟုပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။
သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကိုပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကိုဖွင့်၍ သောက်စေပြီးမှ တစ်ဖန် ခြုံလေ၏။
ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။