သိသရသည် ကေနိအမျိုးသား ဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက် ရှိသတည်း။
မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။
သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း ဖြစ်ပါစေ။
မိမိမာနသည် မိမိကို နှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။
ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲပြေးသွားရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှ မကျန်ကြွင်း ဓားနှင့် သေကြကုန်၏။
ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့်ခြုံလေ၏။
ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
အာနတ်သား ရှံဂါမင်းလက်ထက်၌လည်းကောင်း၊ ယေလမင်းလက်ထက်၌လည်းကောင်း၊ လမ်းမတို့သည် ဆိတ်ညံလျက်ရှိ၍ ခရီးသွားသောသူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။