သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည် ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွတ်စေနှင့်ဟု စီရင်သည်အတိုင်း၊ သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊
ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကိုနှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။
အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍မရကြ။