Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 4:12

Judson Bible

အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ တာ​ဗော်​တောင်​နှင့် ဟေ​ရ​မုန်​တောင်​သည် နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ၏။

တန်​ခိုး​ရှိ​သော​လက်​ရုံး​နှင့် ပြည့်​စုံ​တော်​မူ၏။ လက်​တော်​သည်​အား​ကြီး၍၊ လက်​ယာ​လက်​တော်​သည် မြင့်​ပါ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟု ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​သက်​ရှင်​သည်​ဖြစ်၍၊ တောင်​တို့​တွင် တာ​ဗော်​တောင်​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​နား​မှာ က​ရ​မေ​လ​တောင်​ကဲ့​သို့​လည်း​ကောင်း ထို​မင်း​သည် လာ​လိမ့်​မည်။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။

တစ်​ဖန် စာ​ရိဒ်​မြို့​မှ နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ​သို့​လှည့်​သ​ဖြင့်၊ ခိ​သ​လု​တ္တာ​ဗော်​မြို့၊ ဒါ​ဗ​ရတ်​မြို့​သို့ ရောက်​ပြီး​လျှင်၊ ယာ​ဖျာ​မြို့​သို့ တက်​လေ၏။

တာ​ဗော်​မြို့၊ ရာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​သို့​ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။ ရွာ​နှင့်​တ​ကွ ဆယ်​ခြောက်​မြို့​ရှိ​သ​တည်း။

တစ်​ဖန် အ​နောက်​မျက်​နှာ​သို့​လှည့်​သ​ဖြင့် အာ​ဇ​နု​တ္တာ​ဘော်​မြို့၊ ဟု​ကုတ်​မြို့​သို့​ရောက်၍၊ တောင်​ဘက်၌ ဇာ​ဗု​လုန်​ခ​ရိုင်၊ အ​နောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ နေ​ထွက်​ရာ​ဘက်၌ ယော်​ဒန်​မြစ် အ​ပိုင်း​အ​ခြား​ရှိ၏။

မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

တစ်​ဖန် ဒေ​ဗော​ရ​သည် လူ​ကို​စေ​လွှတ်၍၊ နဿ​လိ​ခ​ရိုင် ကေ​ဒေ​ရှ​မြို့​မှာ​နေ​သော အ​ဘိ​နောင်၏​သား ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်၊ သင်​သည် နဿ​လိ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က လူ​တစ်​သောင်း​ကို​သွေး​ဆောင်၍ တာ​ဗော်​တောင်​သို့ သွား​လော့။

ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ