သူကြီး 4:11Judson Bibleမောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။ အခန်းကိုကြည့်ပါ။ |
မောရှေကလည်း၊ ထာဝရဘုရားသည် ကတိတော်အတိုင်း ငါတို့အားပေးတော်မူမည်အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။